Google Maps ပေါ်မှာ Location ရှိပြီးသားကို ကျနော်တို့တွေ ယူကြတာ တစ်ချို့ဆိုရင် ခက်ခက် ခဲခဲ Website ပေါ်မှာ ပေါ်အောင်လို့ထည့်နေကြပါတယ်။ တကယ်တမ်း Google Maps မရှိသေးလို့ ဒီလိုမျိုး Google Developer အကောင့်ဖွင့်ပြီး ထည့်တယ်ဆိုရင် ပြဿနာ သိပ်မရှိပေမယ့် အခုလိုမျိုး ခက်ခက်ခဲခဲ ထည့်နေရတာတွေ့လို့ အခုလိုမျိုး လွယ်လွယ်ကူကူနဲ့ထည့်နည်းလေးကို ပြောပြပေးချင်တာပါ။

အဆင့် ( ၁ ) အနေနဲ့ ကျနော်တို့ Google Maps က Embed Code လေးကို ကူးရုံပါပဲ။ ဘယ်လိုမျိုး ကူးယူမလည်း ဆိုရင်တော့ အရင်ဦးဆုံး https://maps.google.com/ ကိုသွားပါ။ ပြီးရင် ကိုယ်ရှိပြီးသားနေရာကို Google ပေါ်မှာရှာပါ။

အဲ့ဒီကိစ္စပြီးပြီဆိုရင် နောက်တစ်ဆင့်ကတော့ Point နေရာကိုထောက်လိုက်ပြီးတော့ ဘေးမှာ ပေါ်လာမယ့် အချိန်ကြရင် Share ဆိုတာကို နှိပ်လိုက်ပါ။

Share ဆိုတာကို နှိပ်ပြီးပြီဆိုရင် Embed Maps ကိုရွေးပေးပါ။ ရွေးလိုက်တာနဲ့ Copy HTML ဆိုတာလေးကိုနှိပ်ပြီးတော့ ကုဒ်လေးတွေကို ယူပေးပါ။ ပြီးရင် ကိုယ့်ရဲ့ ဝဘ်ဆိုဒ်ကို သွားပြီးတော့ ကိုယ့်ထည့်ချင်တဲ့နေရာကို ဝင်ထည့်လို့ရပါပြီ။ ပုံမှန်အားဖြင့်တော့ သာမာန်အတိုင်း WordPress Themes ကို သုံးတဲ့ Beginner တွေအနေနဲ့ကတော့ Appearance > Wiget ထဲမှာ Footer Area ထဲကိုဝင်ပြီး Customs HTML Widgets ကိုထည့်သွင်းပြီးတော့ အသုံးပြုနိုင်ပါတယ်။


Maps ကရှည်နေတယ်ဆိုရင်တော့ Height နဲ့ Width မှာ ဆိုဒ်ချိန်လို့ရပါတယ်။

ကျနော်ကတော့ အခု WordPress ကိုအသုံးပြုနေတဲ့ Developer တွေအနေနဲ့ ကျနော်ဖြစ်စေချင်တာကတော့ Builder Plugin တစ်ခုခုကို အသုံးပြုဖို့အတွက် အကြံပြုချင်ပါတယ်။ ဒါမှသာ ကိုယ် Builder Plugin နဲ့အသုံးပြုပြီးတော့ လိုချင်တဲ့ နေရာမှာ ပေါ်စေချင်တဲ့နေရာမှာ စိတ်ကြိုက် ပေါ်အောင် လုပ်လို့ရမှာပါ။